တောင်တွင်းကြီးမြို့နယ်၊ ချောက်ကြားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် မကွေးခရိုင်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် တောင်တွင်းကြီးမြို့နယ် ဦးစီးမှူး ဒေါ်ဌေးဌေးသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေးအတွက် (၁၄.၉.၂၀၂၂)ရက်နေ့ နံနက် (၁၁း၃၀)နာရီအချိန်တွင် တောင်တွင်းကြီးမြို့နယ် ချောက်ကြားကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲအတွင်းရှိ စျေးဆိုင်များသို့ သွားရောက်၍  ထုတ်ကုန်များ ဘေးကင်းလုံခြုံ စိတ်ချမှုဆိုင်ရာ (ကုန်အညွှန်းအမှတ်အသားဖော်ပြမှုတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ ) စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ဖောက်ကားသူ စျေးဆိုင်ပိုင်ရှင်များကို စားသုံးသူကာကွယ်ရေး ဥပဒေတွင်ပါရှိသော စီးပွားရေလုပ်ငန်းရှင်၏ တာဝန်များနှင့် အခန်း(၁၈)ပါ ပုဒ်မ (၄၁) (၄၃) အရ ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်ပစ္စည်း များကိုသာ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည် ဖြစ်ကြောင်း၊ ကုန်စည်ကြောင့်စားသုံးသူများအနေဖြင့် ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည် ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှတိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဌာနနှင့် စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူနိုင်သည့်အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)