ဓနုဖြူမြို့ ပြင်ကသာ အ.ထ.ကကျောင်းတွင် ကျောင်းမုန့်ဈေးတန်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်တာဝန်ခံသည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာနတို့ ပူးပေါင်း၍ (၂၀.၉.၂၀၂၂)နေ့လယ် (၁၁:၄၀) နာရီမှ (၁၂:၁၅) နာရီအထိ ဓနုဖြူမြို့နယ်ရှိ စာသင်ကျောင်းမုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ကျောင်းမုန့်ဈေးတန်းတွင် ကျောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်မှု ရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပြီး၊ မုန့်ဈေးတန်းရှိ မုန့်ဆိုင်(၆)ဆိုင်မှ ရောင်းချသူများ အား မိမိတို့ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော မုန့်များ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲပါဝင်စေရေး၊ စားသုံးရန်မသင့်သော ဆိုးဆေးပါဝင်သော မုန့်များကို ရောင်းချခြင်းမပြုရန်နှင့် မုန့်ရောင်းချသူများ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန်၊ တစ်ကိုယ်ရည် သန့်ရှင်းမှုရှိစေရေး အထူးဂရုပြရန်၊ လက်သုပ်မုန့်များကို လက်အိပ်စွပ်ရောင်းချရန်၊ ခြင်၊ ယင် မနားအောင် အုတ်ဆောင်း၊ ဇကာ၊ အဖုံးများဖြင့် စနစ်တကျရောင်းချရန် ၊ FDAဌာနမှ ထုတ်ပြန်ထားသော စားသုံးရန်မသင့်သည့် ကုန်စည်များကိုလည်း လေ့လာမှတ်သားပြီး ရောင်းချခွင့် မပြုကြရန် စားသုံးသူ၊ လုပ်ငန်းရှင်၊ အစိုးရဌာနများ ပူးပေါင်းမှ ဘေးအန္တရာယ်ကင်းသော လူမှုပတ်ဝန်းကျင်တွင် အနာဂတ် လူငယ်များကျန်းမာပျော်ရွှင်စွာ နေထိုင်ကြရမည်ဖြစ်ကြောင်းကို အသိပညာပေး စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)