စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်ကျင်းပ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၂၀.၉.၂၀၂၂) နေ့ နံနက် (၁၀:၃၀) အချိန်တွင် ညောင်တုန်း မြို့နယ် ဗောဓိအခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးခြင်း၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြု လုပ်ခဲ့ကြပါသည်။

    အဆိုပါဆွေးနွေးဟောပြောရာတွင် မအူပင်ခရိုင် ညောင်တုန်းမြို့နယ်တွင် နိုင်ငံတော်မှ လူငယ်များ၏ပညာရေး၊ ကျန်းမာရေးနှင့် လူငယ်ရေးရာကဏ္ဍကို အထူးအလေးပေး ဖော်ဆောင် လျှက်ရှိရာ ကျောင်းသူ/ ကျောင်းသူ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံ ထူးချွန်စေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ညောင်တုန်းမြို့နယ် ဗောဓိအခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကျောင်းသား/ကျောင်းသူ (၂၈၅)ဦးကို ဌာနဆိုင်ရာ တို့၏ သိသင့်သော ဗဟုသုတများကို အသိပညာပေးဟောပြောခဲ့ကြပါသည်။

    စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်လွင်က စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေး အသိပြုလိုက်နာရမည့် အချက်များအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုရှိလာပါက ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့်ဖုန်းနံပါတ်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ကိစ္စရပ်များ၊ ကုန်စည်ကို ရွေးချယ်ဝယ်ယူတက်စေရန် အချက်အလက်များ၊ ဈေးကွက်အတွင်းရှိ ကုန်စည်များကို စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး စစ်ဆေးရေးအရာရှိ၏ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကိစ္စရပ်များ၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များ အကြောင်းကို အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက သိရှိလို၍ တိုင်ကြားမှု နည်းလမ်းများကိုမေးမြန်းရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)