ဓနုဖြူမြို့ ပြင်ကသာ အ.ထ.ကကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည်  မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာနတို့ ပူးပေါင်း၍ (၂၀.၉.၂၀၂၂)နေ့လယ် (၁၃:၀၀) နာရီမှ (၁၄:၃၀) နာရီတွင် ဓနုဖြူမြို့ ပြင်ကသာ အ.ထ.ကကျောင်းသို့သွားရောက်၍ သက်ဆိုင်ရာဌာနများ၏ နှင့်အတူ အသိပညာပေးဟောပြောပွဲကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ အခမ်းအနားတွင် ဓနုဖြူမြို့ ပြင်ကသာ အ.ထ.က ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက စားသုံးသူကာ ကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ လေးစားလိုက်နာရမည့် တာဝန်များ၊ စီးပွားရေး လုပ်ငန်း ရှင်၏တာဝန်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးအကြောင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်း ရှင်းစွာရွေးချယ်ဝယ်ယူတက်စေရန်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်အကြောင်း၊ စားသုံးသူများ အမှန်တကယ် နစ်နာဆုံးရှုံမှ ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများ အကြောင်း၊ လုပ်ငန်းရှင်နှင့် စားသုံးသူအကြား စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားခဲ့ဖူးသော အငြင်းပွားမှုကိစ္စရပ်များကို ဥပမာပေးရှင်းလင်းပြီး တိုင်းကြားခြင်းနှင့် စိစပ်ညှိနှိုင်းဖြေရှင်းဆောင် ရွက်ခြင်းအကြောင်း၊  ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကိုရှင်းလင်းဟောပြောခဲ့ပါသည်။

    ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးခြင်းအကြောင်း နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနက လူငယ်နှင့် အားကစား ဗဟုသုတအကြောင်း၊ တိုင်းရင်းဆေးဦးစီးဌာနမှ ကျန်းမာရေးသိကောင်းစရာများကို ဟောပြော ဆွေးနွေး၍ တက်ရောက်သူ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ (၁၇၈) ဦးတို့သည် ကျန်းမာရေး လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ကျောင်းမုန့်ဈေးတန်းရှိ ရောင်းချနေသော မုန့်များအား ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရသော မုန့်များကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ပါဝင်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ မုန့်ဆိုင် (6)ဆိုင်တွင် ရောင်းချနေသောမုန့်များတွင် ဘေးအန္တရာယ်ရှိသော ဆိုးဆေးပါဝင်သော မုန့်များကိုမရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား မပါဝင်သော မုန့်များကို မရောင်းချရန်၊လက်လုပ်မုန့်များကို သန့်ရှင်းစွာ လက်အိတ်များဖြင့် ရောင်းချရန်၊ မြန်မာမုန့်များကို ခြင်၊ ယင် မနားအောင် ဇကာ၊ အုပ်ဆောင်းများဖြင့် ဖုံးအုပ်ထားပြီး ရောင်းချရန် မုန့်ရောင်းချသူများ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုပြုရန် စားသုံးသူ၊ လုပ်ငန်းရှင်၊ အစိုးရဌာနများ ပူးပေါင်းမှ ဘေးအန္တရာယ်ကင်းသော လူမှုပတ်ဝန်းကျင်တွင် အနာဂါတ်လူငယ်များ ကျန်းမာပျော်ရွှင်စွာနေ ထိုင်ကြရမည်ဖြစ်ကြောင်း အသိပညာပေးစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)