မော်လမြိုင်မြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

Powered by Drupal

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၂.၉.၂၀၂၂ ရက်နေ့တွင် မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မြို့နယ် အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနတို့  ပါဝင်သောပူးပေါင်း အဖွဲ့ဖြင့် မော်လမြိုင်မြို့ပေါ်ရှိ ဈေးဆိုင်/စတိုးဆိုင်များတွင် Pepsi (No Sugar)-(245 ml/Can)၊ Pepsi (No Sugar lime Flavour) – (325 ml/Can) Pepsi (ကြက်ကြော်တုံးပုံ)- (325 ml/Can) နှင့် Pepsi (ဂဏန်းနှစ်ကောင်ပုံ) (325 ml/Can) တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ပါသည်။

     ထိုသို့ စောင့်ကြည့်စစ်ဆေးရာ ဈေးကွက်အတွင်း Pepsi (No Sugar)-(245 ml/Can) (၄)လုံး၊ Pepsi (No Sugar lime Flavour) (၃)လုံး၊ Pepsi (ကြက်ကြော်တုံးပုံ) (325 ml/Can) (၂)လုံးအား စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်ပိုင်ရှင်အား အဆိုပါပစ္စည်းများမှာ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မပါရှိခြင်းကြောင့် ဆက်လက်ရောင်းချခြင်းမပြုရန် ခံဝန်ကတိ လက်မှတ်ရေးထိုးစေခဲ့ပြီး သက်ဆိုင်ရာဌာနများမှ မိမိတို့၏ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)