
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေးရှိ ကုန်စိမ်းသီးနှံဈေးကွက်တွင် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်ပြီး အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)တွင် မြို့မဈေး၌ ကြက်သွန်ဖြူ ဈေးအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဈေးနှုန်းများအနေဖြင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် (အလုံးအကြီးအသေးနှင့် အရည်အသွေးလိုက်၍) ကျပ်(၄၀၀၀-၅၀၀၀)၊ ကြက်သွန် ဖြူ(ရှမ်း) တစ်ပိဿာလျှင် ကျပ်(၁၉၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် (ပထမပတ်)တွင် ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၄၅၀၀-၅၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ကြက်သွန်ဖြူ(ဗမာ) ကျပ်(၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) ကျပ် (၁၀၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ကြက်သွန်ဖြူ စိုက်ပျိုးရာ ဒေသများ၌ ကြက်သွန်ဖြူအသစ်များထွက်ရှိလာချိန်ဖြစ်၍ ဈေးနှုန်းမှာ အနည်းငယ်ကျ ဆင်းလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)