Main menu

မင်းဘူးမြို့မဈေး၌ ကြက်သွန်ဖြူဈေးနှုန်းကျဆင်း

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေးရှိ  ကုန်စိမ်းသီးနှံဈေးကွက်တွင် ရှမ်းပြည်နယ်၊ အောင်ပန်း‌ဒေသထွက် ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်ပြီး အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)တွင် မြို့မဈေး၌ ကြက်သွန်ဖြူ ဈေးအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ဈေးနှုန်းများအနေဖြင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် (အလုံးအကြီးအသေးနှင့် အရည်အသွေးလိုက်၍) ကျပ်(၄၀၀၀-၅၀၀၀)၊ ကြက်သွန် ဖြူ(ရှမ်း) တစ်ပိဿာလျှင် ကျပ်(၁၉၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် (ပထမပတ်)တွင်  ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၄၅၀၀-၅၅၀၀)၊  ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ကြက်သွန်ဖြူ(ဗမာ) ကျပ်(၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) ကျပ် (၁၀၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ကြက်သွန်ဖြူ စိုက်ပျိုးရာ ဒေသများ၌ ကြက်သွန်ဖြူအသစ်များထွက်ရှိလာချိန်ဖြစ်၍ ဈေးနှုန်းမှာ အနည်းငယ်ကျ ဆင်းလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)