ကယားပြည်နယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

       ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ၂၀၂၂ ခုနှစ်၊ စက်တင် ဘာလ( ၁၉ ) ရက်နေ့ နံနက်(၁၀ :၀၀)နာရီအချိန်တွင် ပြည်နယ်အတွင်းမှ ဆန်တင်ပို့မှု၊ တင်သွင်းမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်နယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး ပွဲတွင် အသင်းဥက္ကဌ၊ ဒု-ဥက္ကဌ ၊ အဖွဲ့ဝင်များ စုစုပေါင်း (၇)ဦးတက်ရောက်ခဲ့ပါတယ်။ 

 အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက ယခုနှစ် စပါးစိုက်ပျိုးမှု၊ ထွက်ရှိမှု အခြေ အနေများ၊ ဒေသထွက်ဆန်အား  ဆန် တင်ပို့နိုင်မှုအခြေအနေများအားလည်းကောင်း၊ အခြားမြို့များမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုအခြေအနေများအားလည်းကောင်း၊ ဈေးကွက်အတွင်း၌ ဖြစ်ပေါ် နေသောဈေးနှုန်း/ ဈေးကွက်အခြေအနေများအားလည်းကောင်း၊ ဆန်များ တင်သွင်းရာတွင် ပြည်နယ် အစိုးရအဖွဲ့မှ ညွှန်ကြားထားသည့်အတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့်  သယ်ဆောင်ခွင့် ခွင့်ပြုချက် ရရှိမှသာလျှင် ဆန်များသယ်ဆောင်သင့်ကြောင်းကို ဆွေးနွေးခဲ့ပါသည်။

     ဆန်စပါးလုပ်ငန်းရှင်များ အသင်းအနေဖြင့်လည်း မိမိတို့အနေဖြင့် ဒေသထွက်ဆန်တင်ပို့ရာတွင် မန္တလေးမြို့သို့ အဓိကထား တင်ပို့ရပါကြောင်း၊ ဒေသအခြေအနေအရ အချို့ဆန်စက်များအနေဖြင့် လည်ပတ်မှုမရှိဘဲ ရပ်တန့်ထားရှိရပါကြောင်း၊ အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး သိရှိလိုသည့် အချက် များအား အသင်းသားများမှ မေးမြန်းခဲ့ရာ ပြည်နယ်ဦးစီးမှူးအနေဖြင့် ပြန်လည် ဆွေးနွေးခဲ့ပါကြောင်း သိရှိရပါတယ်။

DOCA(ကယား)