ပန်းတနော်မြို့နယ် မြို့မဈေးအတွင်း ရောင်းချကုန်စည်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃.၉.၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန် ပန်းတနော် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မြို့မဈေးအတွင်းရှိ ‌ရောင်းချနေသော ကုန်စည်များအား ဈေးကွက် စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပန်းတနော်မြို့မဈေးအတွင်း ကုန်မျိုးစုံဆိုင်တွင် ရောင်းချနေသောကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာ ပါဝင်ခြင်း ရှိ/ မရှိကို စစ်ဆေး ဆောင်ရွက်ခဲ့ကြပါသည်။

      ဆက်လက်၍ ကုန်မျိုးစုံရောင်းချသူပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အရ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်စေရေး၊ အလေး ချိန်နှင့် အရည်အသွေးမှန်ကန်စေရေး၊ ဥပဒေ၊ ညွှန်ကြားချက်များနှင့် မညီညွှတ်သော ကုန်စည်များ ရောင်းချနေခြင်း တွေ့ရှိပါက အရေးယူနိုင်ရန်အတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်၏လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များအကြောင်း ပညာပေးဆွေးနွေးခဲ့ပါသည်။ ပန်းတနော်မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်မျိုးစုံ၊ မုန့်မျိုးစုံ၊ လူသုံးကုန်နှင့် စားသုံးဆီ နှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက် တွေ့ရှိချက်အရ ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါဝင် ဖော်ပြချက်များပါရှိသည်ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)