ပြည်မြို့တွင် ဂျင်း(ချင်း)တက်နှင့် ဓါးလှီးဂျင်း ဈေးနှုန်းမြင့်တက်လာ

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက် ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှ လည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်း မွန်ရန်အတွက် အသုံးပြုကြသလို၊ ဓါးလှီးဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီးတွင် ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၅၅၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၆၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ပြည်မြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် ဓါးလှီးဂျင်းလုပ်ငန်းများလုပ်ကိုင်လျက်ရှိရာ ဓါးလှီဂျင်းဈေးနှုန်းမှာ လက်လီ(၁)ပိဿာလျှင် (၆၀၀၀)ကျပ်နှင့် လက္ကားတစ်ပိဿာ လျှင် (၅၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဩဂုတ်လ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဂျင်းတက်(၁)ပိဿာလျှင် (၅၀၀)ကျပ်မြင့်တက်လာကြောင်း ဂျင်းတက်ရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။

DOCA(ပဲခူး)