မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၂၃.၉.၂၀၂၂)ရက်နေ့ နံနက်(၁၂:၀၀) နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် စားသုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဗဟိုအဆင့်၊ တိုင်းအဆင့် ဆီ ကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရန်အတွက် မြောင်းမြ မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆီလုပ်ငန်းရှင်အသင်းဖွဲ့စည်းရာတွင် ခရိုင်ဦးစီးမှူးမှ မြောင်းမြမြို့နယ် စားသုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးနေသော ဆီလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်း သက်သာ အဆင်ပြေချောမွေ့စွာ ဝယ်ယူစားသုံးနိုင်ရေး အချိန်အတွယ်မှန်ကန်စွာရောင်းချပေးနိုင် ရေး၊ စားသုံးသူပြည်သူများနစ်နာမှုမရှိစေရေး အဓိကထားဆောင်ရွက်ကြရန် မှာကြားပြီး မြို့နယ် ဦးစီးမှူးမှ ဆီလုပ်ငန်းရှင်အသင်းဖွဲ့စည်းဆောင်ရွက်ရေးအတွက် Projector ဖြင့် ဗဟိုအဆင့်၊ တိုင်းအဆင့် ဖွဲ့စည်းမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အသင်းဖွဲ့စည်းရေးကို ဆက်လက်ဆောင် ရွက်ခဲ့ပါသည်။ အသင်းဖွဲ့စည်းပုံအရ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် အဖွဲ့ဝင် များပါဝင်သည့် မြောင်းမြမြို့နယ်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအား အောင်မြင်စွာ ဖွဲ့စည်းခဲ့ပါသည်။  စားသုံးဆီလုပ်ငန်းရှင်များ၏ ရွေးချယ်မှုအရ ဥက္ကဌဖြစ်သူ ဦးညီညီအောင်မှ အဖွဲ့ဝင်များအား ကျေးဇူးတင်စကားပြောဆိုပြီး စားသုံးသူပြည်သူများဈေးနှုန်းသက်သာစွာအဆင် ပြေဝယ်ယူစားသုံးနိုင်ရေးအတွက် ဗဟိုအသင်း၊ တိုင်းအသင်းများနှင့်ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချိန်အတွယ်မှန်ကန်စွာ ရောင်းချပေးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အသင်းဖွဲ့စည်းရေးဆွေးနွေးပွဲသို့ ဆီလုပ်ငန်းရှင်(၁၁)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)