စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၂ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုး ကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာရှိ ပိုင်ရှင်ဦးစိုင်းဆံ၏ ပုစွန်တံဆိပ်ငါးမုန့်ကြော်လုပ်ငန်းနှင့် ဟောင် လိတ်ရပ်ကွက်၊ ဟွေခိုက်(၄)လမ်းရှိ ပိုင်ရှင်ဦးစိုးကိုကို၏ SKတံဆိပ် Cake&Bakery လုပ်ငန်းတို့အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် စစ်ဆေးရေးမှူးနှင့်သက်ဆိုင်ရာဝန်ထမ်းများသည် ကိတ်မုန့်နှင့်ငါးမုန့် လုပ်ငန်းတွင် အသုံးပြုသောစားသုံးဆီကို ဆီကောင်းဆီသန့်များကိုသာ အသုံးပြုရန်၊ ပြန်ကြော်ဆီ များ အသုံးမပြုရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများ၏လုပ်ငန်းလိုင်စင်၊ ထောက်ခံချက်များပြုလုပ်ရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈) “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”ပါ အချက်အလက်များကို ထုတ်လုပ် သည့်ကုန်စည်များတွင် တိကျစွာထည့်သွင်းဖော်ပြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀) ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး အသိပညာ ပေးဆောင်ရွက်ခဲ့ကြပါသည်။
DOCA(ရှမ်း)