ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

          ရခိုင်ပြည်နယ်FDA ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေမြို့နယ်မှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်၊ မြို့နယ်ထွေအုပ်၊ မြို့နယ် ကျန်းမာရေးပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်ရှိ ဧကရာဇ်အားမာန် ဆေးဝါးကုမ္ပဏီသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း၊ တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ် FDAမှ လ/ထညွှန်ကြားရေးမှူး ဒေါက်တာနိုင်နိုင်လင်းမှ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး ဆေးဝါးအတုအပများ၊ တားမြစ်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများအား ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန် ပြောကြားခြင်းနှင့် စားသုံးသူ ရေးရာဦးစီးဌာန စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး)မှ မြန်မာနိုင်ငံစားသုံးသူရေးရာ ကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြားချက် အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ  ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့်တွဲဖက်၍ ပြည့်စုံစွာ ဖော်ပြပါရှိသော ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဉပဒေ၏ အခန်း(၁၀)၊ ပုဒ်မ(၂၁)အရ လုပ်ငန်းရှင် များ၏ ထိန်းသိမ်းဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို နားလည်သဘောပေါက်စေရန် လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ရခိုင်)