
မုဒုံမြို့၊ လမ်းမကြီးစျေးတွင် အသား၊ ငါး၊ ဥမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များ၊ အခြား စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ကြက်ဥ၊ ဘဲဥနှင့် ငုံးဥ များကို မိမိဒေသထွက် ကြက်ခြံ၊ ဘဲခြံများတို့မှ မှာယူရောင်းချလျက်ရှိသည်။
၂၀၂၅ခုနစ်၊ စက်တင်ဘာ တတိယပတ်၊ မုဒုံမြို့ စျေးကွက်အတွင်း၌ ရောင်းချနေသည့် ကြက်ဥ၊ ဘဲဥနှင့် ငုံးဥစျေးနှုန်းများမှ ကြက်ဥအကြီး(၁)လုံးလျှင် (၅၂၀)ကျပ်၊ ကြက်ဥအသေး (၁ ) လုံးလျှင် (၅၀၀) ကျပ်နှင့် ဘဲဥအကြီး (၁)လုံးလျှင် (၆၅၀)ကျပ်နှင့် ဘဲဥအသေး (၁)လုံးလျှင် (၆၀၀)ကျပ်နှင့် ငုံးဥ (၁)လုံးလျှင် (၁၁၀)ကျပ်၊ ငုံးဥ (၁၀)လုံးလျှင် (၁၁၀၀)ကျပ် စျေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA (မွန်)