Main menu

မုဒုံမြို့၊လမ်းမကြီးစျေးတွင် ရောင်းချနေသော အသား၊ ငါး ၊ ဥမျိုးစုံ၏စျေးနှုန်းများ

Powered by Drupal

   မုဒုံမြို့၊ လမ်းမကြီးစျေးတွင် အသား၊ ငါး၊ ဥမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များ၊ အခြား စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ကြက်ဥ၊  ဘဲဥနှင့် ငုံးဥ များကို မိမိ‌ဒေသထွက် ကြက်ခြံ၊ ဘဲခြံများတို့မှ မှာယူရောင်းချလျက်ရှိသည်။

          ၂၀၂၅ခုနစ်၊ စက်တင်ဘာ တတိယပတ်၊ မုဒုံမြို့ စျေးကွက်အတွင်း၌ ရောင်းချနေသည့် ကြက်ဥ၊ ဘဲဥနှင့် ငုံးဥစျေးနှုန်းများမှ ကြက်ဥအကြီး(၁)လုံးလျှင် (၅၂၀)ကျပ်၊ ကြက်ဥအသေး (၁ ) လုံးလျှင် (၅၀၀) ကျပ်နှင့် ဘဲဥအကြီး (၁)လုံးလျှင် (၆၅၀)ကျပ်နှင့် ဘဲဥအသေး (၁)လုံးလျှင် (၆၀၀)ကျပ်နှင့် ငုံးဥ (၁)လုံးလျှင် (၁၁၀)ကျပ်၊ ငုံးဥ (၁၀)လုံးလျှင် (၁၁၀၀)ကျပ် စျေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)