စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့တွင် ဦးစီးအရာရှိ ဦးမိုးညွန့်ဦးနှင့် လွိုင်ကော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့သည် လူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါဆွေးနွေးပွဲတွင် လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးကျော်စွာမြင့်က စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဌာနမှဆောင်ရွက်နေမှု အခြေအနေများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုအများဆုံးဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ဆွေးနွေးမေးမြန်းခဲ့ရာ လွိုင်ကော်ခရိုင်ဦးစီးမှူး ဦးမိုးညွန့်ဦးက ဌာနမှဆောင်ရွက်နေမှု အခြေ အနေများကိုလည်းကောင်း၊ စားသုံးသူပြည်သူများမိမိတို့၏ အခွင့်အရေးကိုအပြည့်အဝနားလည်ပြီး တောင်းဆိုရယူတတ်စေရန်အတွက် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်ကိုလည်း‌ကောင်း၊ မိမိတို့နေ့စဉ်ဝယ်ယူသုံးစွဲသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် ပေးထားသော အာမခံများ အပြည့်အဝရရှိရေးကိုလည်းကောင်း၊ ကုန်စည်(သို့)ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ(CICC)သို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးအသိပညာပေးဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)