“ (မိတ္ထီလာ/ရမည်းသင်း) ခရိုင်အတွင်း လုပ်ငန်းသစ်ထူထောင်သည့် ကုမ္ပဏီများအား စစ်ဆေးခြင်း”

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအရ “လုပ်ငန်းသစ်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းခိုင်မာစွာ ပြဌာန်းနိုင်ခြင်း မရှိသည့် ကုမ္ပဏီများအတွက် မြေပြင်စစ်ဆေးရေး အဖွဲ့များဖြင့် စိစစ်ပြီးမှသာ ခွင့်ပြုသွားရန်” လမ်းညွှန်ခဲ့မှုအရ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

          ကွင်းဆင်းဆောင်ရွက်မှုတွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကုမ္ပဏီတည်ထောင်ထားမှု နှင့် ပတ်သက်၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လျှောက်ထားသည့် ကုမ္ပဏီများစိစစ်ရေးအဖွဲ့ မှ စိစစ်မည့်ပုံစံတွင် ပါရှိသည့်အချက်များဖြစ်သော ကုမ္ပဏီအမည်၊ ရုံးခန်းလိပ်စာ၊ ဒါရိုက်တာအဖွဲ့ဝင် များ၏ မှတ်ပုံတင်နှင့် နေရပ်လိပ်စာ၊ ကုမ္ပဏီရုံးခန်းလိပ်စာတွင် အမှန်တကယ်ဖွင့်လှစ်ထားခြင်း ရှိ/မရှိနှင့် အမှန်တကယ်နေထိုင်မှု ရှိ/မရှိ၊ အဖွဲ့ဝင်များနေထိုင်သည့် အဆောက်အဦးအမျိုးအစားနှင့် ပိုင်ဆိုင်မှု အခြေအနေ၊ ယခင်က ကုမ္ပဏီတည်ထောင်ခဲ့ခြင်း ရှိ/မရှိ၊ ကုမ္ပဏီမှ လျှောက်ထားမှု လုပ်ငန်းနှင့် လက်ရှိ မြေပြင်တွင် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေ၊ ဆောင်ရွက်သည့် လုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ ကုမ္ပဏီ၏ ပတ်ဝန်းကျင်အနေအထား စသည့် အချက်အလက်(၁၁)ချက်ကို သတ်မှတ်ပုံစံ အတိုင်း စိစစ်ခဲ့ရာ (မိတ္ထီလာ/ရမည်းသင်း) ခရိုင်အတွင်းရှိ မြို့နယ် (၆) မြို့နယ်မှ ကုမ္ပဏီပေါင်း (၅၀) ကျော်ကို မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 DOCA(မန္တလေး)