
မြန်မာလူမျိုးတို့သည် မြန်မာ့ရိုးရာအစားအစာများကို အများဆုံးနှစ်သက်ကြသည်။ မြန်မာ့ရိုးရာမုန့်လက်ကောက်ကို နံနက်ခင်းတစ်ကြိမ်၊ နေ့လည်အဆာပြေ စားလေ့ရှိရာ ရေနွေးကြမ်း၊ လက်ဖက်ရည်၊ ကော်ဖီတို့နှင့်တွဲဖက်၍ စားသုံးကြပါသည်။ ဆန်၊ ကောက်ညှင်းတို့ကို အခြေခံပြီးပြုလုပ်သည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီးဘေးဥပါဒ်အန္တရာယ်ကင်းရှင်း၍ လူတိုင်းကြိုက်နှစ်သက်သော အစားအစာတစ်မျိုးဖြစ်သည်။ မုန့်လက်ကောက်တွင် ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ဆီ၊ ဆား တို့ပါဝင်ပြီး ထန်းလျက်ကိုအရည်ကျိုကာ မုန့်လက်ကောက်နှင့် တွဲဖက်၍လည်း စားသုံးကြသည်။ ကန့်ဘလူမြို့၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော မုန့်လက် ကောက်ဈေးနှုန်းမှာ(၁)ခုလျှင် (၃၅၀)ကျပ်၊ (၃)ခုလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မုန့်လက်ကောက်သည် အာဟာရဖြစ်သော မုန့်တစ်မျိုးဖြစ်သဖြင့် ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်သောကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)