
စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊ စိတ်ကျေနပ်မှုရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) သည် ၁၇.၉.၂၀၂၅ ရက်နေ့ ၁၁း၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ ခရိုင်ပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ စိမ်းလန်းစိုပြည်သောကျောင်းများ (Clean and Green Schools) ယှဉ်ပြိုင်မည့်ကျောင်းများမှ (TOT ) သင်တန်းတက်ရောက်နေသော ဆရာ၊ ဆရာမ(၃၅)ဦး အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က၂၀၁၉ခုနှစ်၊ စားသုံးသူကာကွယ်ရေး စတင်ပေါ်ပေါက်လာပုံ၊စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက် ၊ကျောင်းမုန့်ဈေးတန်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ရောင်းချစေရန်၊Online Shopping များမှ ဝယ်ယူသုံးစွဲရာတွင်သတိပြုရမည့်အချက်များ၊စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက်လည်းတိုင်ကြား ရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်းပေးနေမှုအခြေအနေများ Call Center 1535 သို့ တိုက်ရိုက် ခေါ်ဆိုမေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။
DOCA(ကချင်)