
စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူကို ဟင်းလျာများတွင် အသုံးပြုပြီး ပြည်နယ်အတွင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြပြီး အောင်ပန်း၊ ကလောတို့မှ သယ်ယူ ရောင်းချလျက်ရှိပါသည်။ လက်ရှိစျေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်ဖြူ စျေးနှုန်းမှာ ယခု စက်တင်ဘာလ တတိယပတ် အတွင်း ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိသာလျှင် (၁၁၀၀၀)မှ (၁၄၀၀၀) ကျပ်သို့လည်းကောင်း၊ (ကြူဂုတ်) တစ်ပိသာလျှင် (၂၂၀၀၀)ကျပ်မှ (၂၅၀၀၀) ကျပ်သို့ မြင့်တက်လာကြောင်း သိရှိရပါသည်။
ဩဂုတ်လနှင့်ယခုစက်တင်ဘာလအတွင်း စျေးနှုန်းများကိုနှိုင်းယှဉ်ကြည့်လျှင် ကြက်သွန် ဖြူ တစ်ပိသာလျှင် (၃၀၀၀) ကျပ်မျှအနည်းငယ် မြင့်တက်လာကြောင်း ထားဝယ်မြို့ စည်ပင်သာယာစျေးအတွင်းရှိ စားဖိုဆောင်သုံး ပစ္စည်းများရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)