
ထားဝယ်စျေးကွက်တွင် ယခုပတ်အတွင်း ကြက်သွန်နီစျေးနှုန်းမြင့် တက်နေကြောင်း ပွဲရုံနှင့် အိမ်ရှင်များထံမှ သိရှိရပါသည်။ ကြက်သွန်နီစျေးမှာ ပြီးခဲ့သည့်လပိုင်းက ၁၀ ပိဿာဝင် တစ်အိတ်လျှင် အများဆုံးကျပ် ၂၂၀၀၀ကျော်အထိသာရှိသော်လည်း ယနေ့ ထားဝယ်စျေးကွက်တွင် သုံးသောင်းကျပ်အထိ ရောင်းချနေကြကြောင်း ထားဝယ်မြို့နယ်မှ အိမ်ရှင်မတစ်ဦးထံမှသိရှိရ ပါသည်။ ထားဝယ်မြို့အတွင်းရှိ စည်ပင်သာယာစျေးနှင့် ရပ်ကွက်စျေးငယ်များတွင် ယခုနှစ်တွင် ကြက်သွန်နီစျေးနှုန်းမှာ တစ်ပိဿာလျှင် (၃၀၀၀)ကျပ် နှင့်(၃၅၀၀)ထိ ရှိကြောင်း သိရှိရပါသည်။ ထားဝယ်မြို့အတွင်းရှိ ကြက်သွန်နီ ဝယ်လိုအားမှာလည်း ယခင်နှစ်ထက် များလျက်ရှိကြောင်း စားသုံး ကုန်စည်ရောင်းချသူများမှ သိရှိရပါ သည်။
DOCA(တနင်္သာရီ)
