ကယားပြည်နယ်၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ (၄/ ၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ပြည်နယ်စားသုံးသူရေးရာကော်မတီ(၄/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့၊နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်နယ် အစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဌ (ကိုယ်စား)သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးမှဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပြီး အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

          အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  ပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဌ (ကိုယ်စား)သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက အဖွင့်အမှာစကားပြော ကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးကအစည်းအဝေးတွင် တင်ပြထားသည့် အမှာစာများအားရှင်းလင်းဖတ်ကြားပြီးနောက် တက်ရောက်လာသောအဖွဲ့ဝင်အသီးသီးကဆွေး နွေးခဲ့ကြောင်းနှင့် အစည်းအဝေးမှတ်တမ်းအား ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

          DOCA(ကယား)