
ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ရာသီစာသီးနှံများ၊ သစ်သီးဝလံများများရောင်းချသည့်အပြင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးရရှိသည့် ဌက်ပျောသီးများကို ရောင်းချလျက်ရှိပါသည်။ ဌက်ပျောသီးများမှာ ဒေသတွင်းမှ ထွက်ရှိသည့် အသီးများအပြင် ရွှေဘိုမြို့နယ် လက်လှုပ်ကျေးရွာနှင့် ဒီပဲယင်းမြို့များမှ လည်း သယ်ယူရောင်းချကြောင်း၊ ဌက်ပျောသီးများကို အလှူပွဲများ၊ မင်္ဂလာပွဲများတွင် လည်း ကောင်း၊ သာသနာပွဲ များ၊ ကန်တော့ပွဲများ နှင့် စားသုံးရန်အတွက် ဝယ်ယူကြကြောင်း၊ ဌက် ပျောသီး မျိုးများမှာ ခွန်စိမ်းမျိုး နှင့် ဖီးကြမ်းမျိုးဟူ၍ရှိပြီး အစိမ်းနှင့် အမှည့်ဟူ၍ ရောင်းချကြောင်း၊ အစိမ်း ဈေးနှုန်းမှာ အမှည့်ဈေးထက် အနည်းငယ်ဈေးပိုပေးရကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (တတိယ)ပတ်တွင်ဖြစ်ပေါ်နေသော ဌက်ပျောသီးဈေးနှုန်းများမှာ ခွန်စိမ်းဌက်ပျော(၁)ဖီးလျှင် အရွယ်အစားပေါ်မူတည်၍ (၁၅၀ဝိ/-)ကျပ်၊ (၂၀၀ဝိ/-)ကျပ်နှင့် (၂၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချ ကျကြောင်း၊ ဖီးကြမ်းဌက်ပျော(၁)ဖီး လျှင် အရွယ်အစားပေါ်မူတည်၍ (၂၀ဝဝိ/-)ကျပ်မှ (၂၅၀ဝိ/-) ကျပ်ဖြင့် ရောင်းချကြကြောင်း ဌက်ပျောသီးရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)