မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၆.၉.၂၀၂၂ ရက်နေ့ (၁၁:၀၀)ချိန်တွင် ချောင်းဆုံမြို့နယ် အထက(မုဒွန်း)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောဆွေးနွေးပွဲတွင် ချောင်းဆုံမြို့နယ် အထက(မုဒွန်း) ကျောင်းအုပ်ဆရာကြီး ဦးသန်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ရုံးမှ အကြီးတန်းစာရေး ဒေါ်ထက်ထက်နွေဦးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ စားသုံးသူထိခိုက်နစ်နာမှုအတွက် တိုင်ကြားနိုင်သည့် အခြေအနေ၊ တိုင်ကြားနိုင်သည့်နေရာ၊ website၊ Call Center အကြောင်းအရာများအား ဟောပြော ဆွေးနွေးခဲ့ပြီး ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည် များအားမေးမြန်းဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ထက်ထက်နွေးဦးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။
အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ (၂၀၈) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)