ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ ခရိုင်ဦးစီးမှူး ရုံးနှင့် မြို့နယ်ဦးစီးမှူးရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် ဌာနတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်နှင့် ဒေသတွင်း သာမက နိုင်ငံတကာနှင့် ရင်ဘောင်တန်းဆောင်ရွက်နိုင်သော စွမ်းဆောင်ရည်မြင့်မားသည့် အရည်အချင်း ပြည့်ဝ သော ဝန်ထမ်းများ တိုးတက်များပြားစေရန် ရည်ရွယ်၍ ဝန်ထမ်းများ စွမ်းဆောင်ရည်သင်တန်းကို (၂၁.၉.၂၀၂၂) ရက်နေ့မှ (၂၃.၉.၂၀၂၂) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပဲခူးတိုင်းဒေဿကြီး အစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီးမှ အဖွင့် အမှာစကား ပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း များသည် စားသုံးသူအရေးကိစ္စများသာမက ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ဆောင်ရွက်နေရသော ဌာနဖြစ်သည့်အတွက် ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည်မြင့်မားလာရေးကို ဦးတည်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မိတ်ဖက်ဌာနဆိုင်ရာဖြစ်သော ကုန်သွယ်ရေးဦးစီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့ ၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတို့မှ သင်တန်းနည်းပြ (၈)ဦး ၊ ဒုတိုင်းဒေသကြီးဦးစီးမှူးနှင့် ဌာနခွဲ တာဝန်ခံ (၃)ဦးတို့မှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်တန်းပို့ချခဲ့ပြီး သင်တန်းတွင် သင်တန်းသား ၊ သင်တန်းသူ (၃၀)ဦးတက်ရောက်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)