ညောင်လေးပင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင် ၊ ညောင်လေးပင်မြို့နယ် ၊ မြို့မ (၁) ရပ်ကွက် စက်ရုံလမ်းရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ (၂၃.၉.၂၀၂၂) ရက်နေ့ ၊ နံနက် (၁၀: ၃၀) အချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          ထိုသို့ ဆောင်ရွက်ရာတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်း များက ကျောင်းသား ၊ ကျောင်းသူများအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန် အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန် ၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ချိန်မြှင့်တင်ရေးကို ရည်ရွယ်၍ သုတ ၊ ရသ ၊ ရုပ်ပြ ၊ မဂ္ဂဇင်း ၊ စာစောင် အစရှိ သည့် စာအုပ်ပေါင်း (၁၀၀)ကျော်ဖြင့် ဟောပြောဆောင်ရွက်ခဲ့ရာ ကျောင်းသား ၊ ကျောင်းသူများက ပျော်ရွှင်စွာဖြင့် ဖတ်ရှု လေ့လာခဲ့ပါသည်။

          ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွေးက ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်ဖြစ်သော စာသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ ဟောပြော ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းအတွင်း စာသုံးရန် သင့်/မသင့် ၊ သက်တမ်းကျော်လွန်နေသော မုန့်များမရောင်းချရန် ၊ အချဉ်ရည်များကို လတ်လတ် ဆတ်ဆတ် အသုံးပြုရန်နှင့် မုန့်ဖတ်များ (သို့ ) အစားအစာများအား အုပ်ဆောင်းများဖြင့် ဖုံးအုပ်၍ ရောင်းချရန် အစရှိသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)