
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ရှိ ရှမ်းချောင်းကုန်စိမ်းဈေးတွင် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချလျက်ရှိရာ ငရုတ်သီးစိမ်းဈေးနှုန်းမှာ ယခင်စက်တင်ဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀၀ကျပ် မှ ၃၅၀၀၀ကျပ် ထိဈေးနှုန်းရှိခဲ့သော်လည်း ယခုစက်တင်ဘာလ တတိယအပတ်တွင် (၁)ပိဿာလျှင် ၂၀၀၀၀ကျပ် မှ ၂၃၀၀၀ကျပ် သာရှိပြီး၊ ငရုတ်သီးဈေးနှုန်းမှာ ၁၅၀၀၀ကျပ်ထိ ဈေးနှုန်းကျဆင်းသွားပါသည်။ ခရမ်းချဉ်သီးဈေးနှုန်း အနေ ဖြင့် အလုံးအသေး၊ အလတ်၊ အကြီး အရွယ်အစားပေါ်မူတည်၍ စက်တင်ဘာလဒုတိယအပတ် တွင် တစ်ပိဿာ ၇၀၀၀ ကျပ် မှ ၇၅၀၀ ကျပ် ထိရှိပြီး ယခုစက်တင်ဘာလ တတိယအပတ်တွင် တစ်ပိဿာ ၄၅၀၀ ကျပ် မှ ၅၀၀၀ ကျပ်ထိသာ ရှိပြိး တစ်ပိဿာလျှင် ဈေးနှုန်း ၂၀၀၀ကျပ်ခန့် ကျဆင်းသွားကြောင်းသိရပါသည်။ ဂေါ်ဖီဈေးနှုန်းအနေဖြင့် ယခင်စက်တင်ဘာလ ဒုတိယအပတ် တွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ယခုစက်တင်ဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၄၀၀၀ကျပ်သာရှိပြီး တစ်ပိဿာလျှင် ၃၀၀၀ကျပ်ခန့် ကျဆင်းသွားကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)
