ကျောက်တံခါးမြို့နယ်တွင် အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပ

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ကျောက်တံခါးမြို့နယ် ၊  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တောင်ငူမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဆွေးနွေးဟောပြောပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအလယ်တန်း သူဌေးကုန်းကျောင်း၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

              ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ဈေးကွက်အတွင်း စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများဝယ်ယူရာတွင် ကုန် အညွှန်းအမှတ်အသားများ တိကျစွာဖော်ပြထားသည့် ကုန်စည်များကို ဦးစားပေးဝယ်သင့်ပုံများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများ ပေါ်ပေါက်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ခြင်း များကို ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

              အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်မိုးသူဇာက အားကစား ပြုလုပ်ခြင်း အကျိုးကျေးဇူးများ ၊ အားကစားနှင့် ကာယပညာသိပ္ပံသင်တန်းကျောင်း ဖွင့်လှစ် ထားရှိမှုနှင့် တက်ရောက်လိုပါက ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများအား ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

              ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းတင့် မှ လူကုန်ကူးမှုအန္တရာယ်နှင့် တားဆီးကာကွယ်ရေး နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့မှ ကျောင်းမုန့်ဈေးတန်းရောင်းချနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(ပဲခူး)