မိတ္ထီလာမြို့ရှိ လက်ဖက်ဈေးကွက်

Powered by Drupal

     လက်ဖက်ကို လက်ဖက်ခြောက်အနေဖြင့် အချိုခြောက်၊ အခါးခြောက်များအပြင် လက်ဖက်ရွက်ကို နှပ်ထားသည့် လက်ဖက်အစိုမှာ မြန်မာလူမျိုးများအတွက် ရိုးရာအစားအစာတစ်ခုလို ပဲကြော်နှင့် တွဲဘက်စားသုံးကြပါသည်။ ထိုသို့ စားသုံးမှုကြောင့်ပင် လက်ဖက်အစိုမှာ ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့်ရောင်းချကြရာ မိတ္ထီလာဈေးကွက်တွင်လည်း လက်ဖက်၊ အကြော်စုံတို့မှာ အရောင်းသွက်သည်ကို တွေ့ရသည်။ မိတ္ထီလာသို့ လက်ဖက်ကို ရှမ်းပြည်နယ်တောင်ပိုင်းမှ ဝင်ရောက်သော လက်ဖက်အစိုမှာ ပဲကြော်နှင့်တွဲဘက်၍ ရောင်းချကြရာ ဒေသနေ စားသုံးသူများက မိမိတို့နေအိမ်လာ ဧည့်သည်များကို ရေနွေးကြမ်းဖြင့်တွဲ၍ ဧည့်ခံခြင်း၊ အလှူ၊ မင်္ဂလာပွဲများတွင် မပါမဖြစ်နီးပါး ဧည့်ခံခြင်း ထက်၊ အချို့သောစားသုံးသူများမှာ ထမင်းစားသည့်အခါမပါမပြီးသော ဟင်းလျာကဲ့သို့ပင် နှစ်သက်ကြသဖြင့် စားသုံးကြခြင်းကြောင့်လည်း ဈေးကွက်၌ နေရာရခြင်းဖြစ်ပါသည်။ ထိုသို့ဈေးကွက်၌ အရောင်း သွက်သည့် လက်ဖက်အစိုကို မိတ္ထီလာဈေးကွက်တွင် အရွက်/အညွှန့်နူးညံ့မှုကိုလိုက်ပြီး ၊ တစ်ပိဿာ (၈၀၀၀-၁၀၀၀၀) ကျပ်တို့ဖြင့် ရောင်းချရကြောင်း သိရသည်။ မိတ္ထီလာခရိုင်အတွင်း လက်ဖက်ကို သာစည်မြို့နယ်တွင် ရှမ်းပြည်နယ်နှင့် ထိစပ်နေသော ကျေးရွာများတွင် ဧက (၅၀) စိုက်ပျိုးထားရာ တစ်ဧကအထွက်နှုန်းအနေဖြင့် ပိဿာ (၂၅၀) ကျော်ထွက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)