ဒိုက်ဦးမြို့နယ် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

Powered by Drupal

     ပဲခူးတိုင်း‌ဒေသကြီး ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဌာနဆိုင်ရာအဖွဲ့များဖြစ်သော စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ ကျန်းမာရေး ၊ ဆည်မြောင်း ၊ မြေစာရင်း ၊ စက်မှုလယ်ယာ ၊ ကျေးလက် ၊ စိုက်ဘဏ်ဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စက်တင်ဘာလ ၂၁ရက်နေ့ ၊ နေ့လယ် ၂ :၀၀ နာရီအချိန်က ဗျက်ကြီးကျေးရွာအုပ်စု ၊ ဗျက်ကြီးကျေးရွာ ဓမ္မာရုံ၌  စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါ ဟောပြောပွဲတွင် မြို့နယ် အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားကာ   သက်ဆိုင်ရာဌာနဆိုင်ရာများမှ မိမိတို့ဌာနနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးဟောပြောကြပြီး စာသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်မှ မိမိတို့ဌာန၏ လက်ရှိလုပ်ဆောင်နေသော လုပ်ငန်း ဆောင်တာများ ၊ ပြည်တွင်းကုန်သွယ်မှုနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် အခန်းကဏ္ဍများ ၊  စားသုံးသူမိဘပြည်သူများအနေဖြင့် ကုန်စည် ၊ ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာမှုများ ရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို အသိပညာပေး ဟောပြောကြခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)