တောင်ငူမြို့နယ်အခြေခံလူတန်းစားများသို့ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးနှင့် တောင်ငူမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ တောင်ငူမြို့နယ်အတွင်း အခြေခံလူတန်းစားများသို့ စားသုံးဆီများအား သက်သာသောနှုံးထားဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက်လျှက်ရှိရာ Diamond Dragon Co.,Ltd မှ ကိုယ်စားလှယ်ရယူထားသည့် အောင်စားသုံးဆီအရောင်းဆိုင်သည်လည်း ရာသက်ပန် အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ ၅၀ ကျပ်သားဘူးများအား အခြေခံလူတန်းစား များရာ ရပ်ကွက် ကျေးရွာများသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချပေးလျှက်ရှိပါသည်။

    စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အောင်စားသုံးဆီအရောင်းဆိုင်သည် တောင်ငူမြို့နယ် မိုးကောင်းကျေးရွာအုပ်စုအတွင်းရှိ အခြေခံလူတန်းစားများအား မိုးကောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် စားသုံးဆီ ပိဿာ ၆၆၀ (၅၀ ကျပ်သားဘူး ၁၃၂၀ ဘူး)ကို လည်းကောင်း၊ ညနေပိုင်းတွင် မဟင်ကျေးရွာအုပ်စုရှိ အခြေခံလူတန်းစားများအား ဥယျာဉ်တော် ကျေးရွာတွင် စားသုံးဆီ ပိဿာ ၆၆၀ (၅၀ ကျပ်သားဘူး ၁၃၂၀ ဘူး)ကို လည်းကောင်း တစ်ပိဿာ လျှင် ၆၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။

     အောင်စားသုံးဆီအရောင်းဆိုင်သည် လူတစ်ဦးလျှင် စားသုံးဆီ တစ်ပိဿာနှုန်း ရောင်းချ ပေးလျှက်ရှိကြောင်းနှင့် စားသုံးဆီများလှည့်လည်ရောင်းချရာသို့ စားသုံးသူရေးရာဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးမျိုးအောင်နှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)