ရေတာရှည်မြို့နယ် ကရင်ရွာကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းအောင် ဦးဆောင်၍ သစ်တောဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ မြို့နယ် ဦးစီးဌာနမှူးများ ပါဝင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့်အတူ ရေတာရှည်မြို့နယ်၊ ကုန်းကြီး ကျေးရွာအုပ်စု၊ ကရင်ရွာကျေးရွာမှ ကျေးရွာနေပြည်သူများအား ၎င်းကျေးရွာ၌ တွေ့ဆုံပြီး သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း ပြောကြားကြ ပါသည်။

         စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ဆောင်ရွက်ချက်များ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်အကြောင်းများကိုလည်းကောင်း၊ ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက်  ဈေးနှုန်းဈေးကွက်သတင်းများ၊ သီးနှံများ၏ စိုက်အောင်ထွက် စားသုံး ပိုလျှံသတင်း အချက်အလက်များ ရယူစုဆောင်း၍ တင်ပြဆောင်ရွက်ပေးသည့် အခြေအနေများ၊ သီးနှံအစုအဖွဲ့များ ဖွဲ့စည်း၍ စုပေါင်းဆောင်ရွက်သည့် အလေ့အထများ ရှိစေရေးအတွက် ဆောင်ရွက်ပေးသည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

          ဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျေးရွာနေ တောင်သူလယ်သမား ၂၉ ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)