
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုး နှင့်ဝန်ထမ်းများသည် ဧရာဝတီတိုင်းဒေသကြီး၊ FDA နှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီ အဖွဲ့များနှင့်ပူးပေါင်း၍ (၁၆.၉.၂၀၂၅)ရက်နေ့ နံနက်(၀၉;၃၀)နာရီက ဝါးခယ်မမြို့နယ် မြို့ပေါ်ရှိ ဆေးဆိုင်များအား သွားရောက်စစ်ဆေးခဲ့ပါသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင်များမှဆိုင်ရှင်များအား တရားမဝင်တင်သွင်းလာသော ဆေးများ၊ သက်တမ်းလွန်ဆေးဝါး၊ ဆေးဝါးအတု၊ စပ်ဆေးများ၊ သုံးစွဲရန်မသင့်သောဆေး ဝါးများအားရောင်းချခြင်းမပြုကြရန် လိုင်စင်မဲ့ဆေးဝါးများ ဈေးကွက်အတွင်းရောင်းချခြင်း မပြုကြရန် အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ ဥပဒေများလိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)