တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ကျောက်ဖရုံသီးဈေးနှုန်း/ဈေးကွက်

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်ရှိ ဆိပ်ငယ်ဈေးကြီးနှင့် အခြားသော ဈေးများတွင်ကျောက်ဖရုံသီး၊ ‌ရွှေဖရုံသီးနှင့်အခြားသောကုန်စိမ်းများကိုလည်း ရောင်းချနေကြောင်း သိရှိရပါသည်။ ကုန်စိမ်းသီးနှံများကို ရောင်းချသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်ရာမှ ကျောက်ဖရုံသီးများကိုလည်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ မြိတ်မြို့ပေါ်တွင် ကျောက်ဖရုံသီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ဈေးများသို့တင်ပို့ရောင်းချကြ ပြီး ကော့သောင်းမြို့မှ ကျောက်ဖရုံသီးများ ပိုမိုဝင်ရောက်ကြကြောင်းလည်း သိရှိရပါသည်။

    ယခု၂၀၂၅ခုနှစ်၊ စက်တင်ဘာလနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ကျောက်ဖရုံသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၄၀၀၀)ကျပ်နှင့် (၅၀၀၀)ကျပ်ခန့်ထိရှိကြောင်း ကုန်စိမ်း ရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)