ဆူးပုတ်ရွက် စိုက်ပျိုးခြင်းဖြင့် အပင်မှ အပိုဝင်ငွေရ

Powered by Drupal

   မအူပင်ခရိုင်အတွင်းရှိ ကျေးရွာနေပြည်သူများသည် စားဖိုဆောင်သီးနှံများဖြစ်သော ပဲတောင့်ရှည်၊ ရုံးပတီသီး၊ သခွားသီး၊ ဟင်းသီးဟင်းရွက်မျိုးစုံ၊ ပန်းမျိုးစုံ ကို ရာသီမရွေး စိုက်ပျိုးနေကြပြီး ဆောင်းရာသီ ဆီထွက်သီးနှံများ  စိုက်ပျိုးကြသည့် အပြင် မိသားစုအပိုဝင်ငွေရရှိရေးအတွက် ကျေးလက်တောရွာများ၌ သဘာဝအလျှောက် ပေါက်ရောက်သည့် စားသုံးပင်ဖြစ်သည် ဆူးပုတ်ရွက်ပင်ကို ခြံစည်းရုံးများနှင့် ခြံမြေ လစ်လပ်နေရာများတွင် စိုက်ပျိုးရာက အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

        ဆူးပုတ်ရွက် ရွက်သည် ကျေးရွာများရှိ ဒေသနေပြည်သူများသည် ခြံမြေများတွင် သဘာ၀အလျောက် ပေါက်ရောက်သော ဆူးပုတ်ရွက်များ ခူးယူပြီး မိသားစု စားသုံးရန်အပြင်  ပိုလျှံသော ဆူးပုတ်ရွက်များကို  တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိစေရန်အတွက်  ရောင်းချလျက်ရှိကြောင်း သိရသည်။ ဆူးပုတ်ရွက်များကို ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်နိုင်သည့်အတွက် ဒေသနေ ပြည်သူများ ကြိုက်နှစ်သက်သောကြောင့်  မိသားစုအပိုဝင်ငွေ ရရှိရေးအတွက်  အရင်းအနှီး စိုက်ထုတ်မှုနည်းသော ဆူးပုတ်ပင်များကို အိမ်ခြံဝင်းများတွင်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြကြောင်း သိရသည်။

ဆူးပုတ်ပင်များသည် ဩဂုတ်လမှစ၍  အညွန့်များ လှိုင်လှိုင်ထွက်ရှိပြီး ယင်းအညွန့်များအား ဒေသခံများက ခြံမြေများမှ စိုက်ပျိုးထွက်ရှိမှုကို ခူးယူရောင်းချကြကြောင်း၊ ဆူးပုတ်ရွက် တစ်စီးလျှင် (၅၀၀) ကျပ်နှုန်းဖြင့် ခူးယူရောင်းချကြောင်း၊ အပင်ရေ ၂၀ခန့် ရှိပြီး တစ်နေ့လျှင် အစီးရေ ၂၀-၃၀ ကြား ထွက်ရှိကြောင်း ဆူးပုတ် ၁စီးလျှင် လက်ကားဈေး ၄၀၀ကျပ်ဖြင့် ရောင်းချ၍ စိုက်ပျိုးသူများ အပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း စီးပွားဖြစ်စိုက်ပျိုးသူ မရှိကြောင်း ရင်းနှီးစိုက်ထုတ်စရာမလိုပဲ မိသားစု အပိုဝင်ငွေရ ဆူးပုတ်ပင်များ အကိုင်းချိုး၍ တိုးချဲံ စိုက်ပျိုးမည်ဖြစ်ကြောင်း စိုက်ပျိုးသူထံမှ သိရသည်။

DOCA(ဧရာဝတီ)