တောင်ငူမြို့ရှိ တက္ကသိုလ်နှင့် နည်းပညာအထက်တန်းကျောင်းများမှ ဝန်ထမ်းများအား ဆန်နှင့် စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

Powered by Drupal

     တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးတို့သည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ တောင်ငူမြို့ရှိ၊ တက္ကသိုလ်များမှ သင်ကြား/စီမံဝန်ထမ်းများ ဆန်နှင့်စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးအတွက် တောင်ငူမြို့မှ ဆီကုန်သည်များ၊ ဆန်ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များနှင့် ညှိနှိုင်း ဆောင်ရွက်လျှက်ရှိပါသည်။

       စက်တင်ဘာလ ၂၃ ရက်နေ့တွင် တောင်ငူမြို့မှ စားအုန်းဆီလက်လီလက်ကား ဝယ်ယူခွင့် ရရှိသည့် ဒေါ်အေးမြင့်ပွဲရုံသည် တောင်ငူနည်းပညာတက္ကသိုလ်မှ သင်ကြား၊ စီမံဝန်ထမ်းများအား စားသုံးဆီ ၁၃၁ ပိဿာနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းမှ သင်ကြား၊ စီမံဝန်ထမ်းများအား စားသုံးဆီ ၅၄ ပိဿာတို့ကို တစ်ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။

       ထို့အတူ တောင်ငူမြို့ မိဘမေတ္တာဆန်စက်သည် တောင်ငူနည်းပညာတက္ကသိုလ်မှ ဝန်ထမ်းများအား ဆန် ၆ အိတ်၊ ကွန်ပျူတာတက္ကသိုလ်မှ ဝန်ထမ်းများအား ဆန် ၃ အိတ်နှင့် အစိုးရ နည်းပညာအထက်တန်းကျောင်းမှ ဝန်ထမ်းများအား ဆန် ၅ အိတ်ကို တပြည်လျှင် ၁၈၅၀ ကျပ်နှုန်း ဖြင့် ဝန်ထမ်းတစ်ဦးလျှင် နှစ်ပြည်နှုန်း ရောင်းချပေးခဲ့ပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် နိုင်ငံ့ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများသို့ စားသုံးဆီများနှင့် ဆန်များကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးနိုင်ရေး ဆီကုန်သည်များ၊ ဆန်ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များနှင့် ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)