ဈေးနှုန်းများကျဆင်းလာသောမြင်းခြံမြို့၏ခဝဲသီး

Powered by Drupal

   မြင်းခြံမြို့နယ်သည် ဆည်‌ရေသောက်အသင့်အတင့်ရှိ၍ ဟင်းသီးဟင်းရွက်မျိုးစုံနှင့် စားဖိုဆောင်အုပ်စုဝင်သီးနှံဖြစ်သော ခဝဲသီးကိုလည်း အဓိကစိုက်ပျိုးထားကြောင်းသိရှိရသည်။  မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော လေးအိမ်တန်းအုပ်စု၊ ကြက်လျှာ၊ ကျောင်းကုန်းရွာ များ၌ တောင်သူများက မိမိတို့ခြံဝင်းများအတွင်းရှိ ဥယျာဉ်ခြံမြေများတွင် ခဝဲပင်များကို တစ်နိုင် တပိုင်စီးပွားဖြစ်စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးထွက်ရှိသော ခဝဲသီးများကို မြင်းခြံမြို့အတွင်းရှိ ဈေးများသို့ လာရောက်ရောင်းချကြောင်းသိရှိရသည်။  ခဝဲသီးပင်ကို ဧပြီလအလယ်မှစ၍ ဇူလိုင် လကုန်အထိစိုက်ပျိုးကြကြောင်း‌၊  စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်း၊ စိုက်ပျိုးပြီး(၄၅) ရက်အကြာတွင်အသီးများ စတင်ခူးဆွတ်နိုင်ကြောင်းသိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာတတိယပတ်၌ အေးမြသီတာဈေးတွင် ခဝဲသီး ၂၅ ကျပ်သားလျှင် (၁၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၃၇၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်လဩဂုတ်လ တတိယပတ်၌ ခဝဲသီး ၂၅ ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၅၅၀၀) ကျပ်ပေါက်ဈေးများဖြင့်‌ရောင်းချခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် ခဝဲသီး ၂၅ ကျပ်သားလျှင် (၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၁၈၀၀) ကျပ် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ မိုးရာသီကာလဖြစ်၍ ရာသီပေါ်ခဝဲသီးများပေါများစွာ ထွက်ပေါ်ချိန်  ဖြစ်သောကြောင့် ခဝဲသီးဈေးနှုန်းများကျဆင်းခြင်းဖြစ်ကြောင်း၊ အရည်အသွေးအမျိုးအစား ပေါ်မူတည်၍ ဈေးနှုန်းများအနည်းငယ်ကွာခြား‌၍ နေ့စဉ်အရောင်း အဝယ်ဖြစ်လျက် ရှိကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦး၏ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)