ပြည်ခရိုင်၊ ပြည်မြို့နယ် အ.ထ.က (၁)ကျောင်းတွင် စားသုံးသူအသိပညာပေးခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးသည် ပြည်မြို့နယ်၊ အ.ထ.က(၁) ကျောင်းတွင် ၂၀.၉.၂၀၂၂၊ နံနက် (၁၀:၀၀)နာရီ၌ ဒု-ခရိုင်ဦးစီးမှူး ဒေါ်အေးမျိုးရွှေမှ စားသုံးသူရေးရာဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို အဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင်၊ စားသုံးသူရေးရာနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ တာဝန်ခံဖြစ်သော ဦးစီးမှူး ဦးနိုင်လင်းထွန်း က စားသုံးသူရေးရာဦးစီးဌာနမှ ပြဌာန်းထားသည့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေပါ စားသုံးသူများ ရရှိမည့် အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်စည်များ ရွေးချယ်ဝယ်ယူရာတွင် သတိပြုဝယ်ယူရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာ အချက် အလက်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်မည့်ပုဂ္ဂိုလ်များ၊ တိုင်ကြား နိုင်သည့် နည်းလမ်းများအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည့်များကို အသေးစိတ် Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာ စောင်များ ဖြန့်ဝေ ပေးခဲ့ကာ ကျောင်းသား/သူ နှင့် ဆရာဆရာမများ စုစုပေါင်း (၂၀၄)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

     ဆက်လက်၍ အ.ထ.က(၁) ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျှက်ရှိသော မုန့်များတွင် သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော အစားအသောက်များ၊ သက်တမ်းလွန်မုန့်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုမရှိသော ကုန်စည်များ ရောင်းချမှုမရှိစေရေး၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)