‌ပဲလင်းမြွေသီးနှင့် သခွားသီး ဈေးနှုန်း

Powered by Drupal

    ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ ယခုရာသီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီးတို့ကို စိုက်ပျိုးသည့်အနက် ဗုံလုံသီး (ခေါ်)ပဲလင်းမြွေသီးများကို စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင် ရောင်းချရကြောင်း သိရှိရပါသည်။

     ယခု စက်တင်ဘာလ စတုတ္ထအပတ်တွင် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီး ဈေးနှုန်း အနေဖြင့် ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး အကြီးစ်တောင့်လျှင်(၀၀)ကျပ်၊ (၂)တောင့်လျှင်(၁၅၀၀)ကျပ်၊ အလတ် စ်တောင့်လျှင်(၀၀)ကျပ် နှင့် အသေး စ်တောင့်လျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၃)တောင့် တို့ဖြင့် ရောင်းချလျက်ရှိပြီး  အလားတူပင် သခွားသီး ဈေးနှုန်း အနေဖြင့် ဒေသထွက် သခွားသီး အကြီး (၁)လုံးလျှင်(၈၀၀)ကျပ် နှင့် အသေးတစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)