မျှစ်စိမ်း နှင့် မျှစ်ပြုတ် ‌ဈေးနှုန်း

Powered by Drupal

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကာ မျှစ်များ လှိုင်လှိုင်ပေါလာသည့်အတွက် ဈေးနှုန်း ကျဆင်းပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

       စက်တင်ဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော မျှစ်စိမ်း နှင့် မျှစ်ပြုတ် ဈေးနှုန်းအနေဖြင့်  မျှစ်စိမ်း တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော မျှစ်စိမ်း နှင့် မျှစ်ပြုတ် ဈေးနှုန်းအနေဖြင့်  မျှစ်စိမ်း တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိသောကြောင့် ယခင် အပတ်ထက် မျှစ်ပြုတ် တစ်ပိဿာလျှင်(၅၀၀)ကျပ် ဈေးနှုန်းထပ်မံ မြင့်တက် လျက်ရှိကြောင်း မျှစ်သည် ရှားပါးပြီး အရသာမှာ အဆိမ့်ဓါတ်ပိုပြီး စားကောင်းသောအချိန် ဖြစ်သည့် အတွက် ဈေးမြင့်တက်သော်လည်း  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)