သီရိမင်္ဂလာဈေးအတွင်း အသား/ငါး/ဥများ သန့်ရှင်းလတ်ဆက်မှုရှိ/မရှိသန့်ရှင်းသော ရောင်းချခြင်းစနစ်ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ကယားပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ၊ စက်တင်ဘာလ(၂၇)ရက်နေ့၊နံနက်(၀၈:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊သီရိမင်္ဂလာ ဈေးအတွင်း ရှိအသား/ငါး/ကြက်ဥ/ဘဲဥရောင်းချနေသောဆိုင်များသို့ အသား/ ငါး / ကြက်ဥ /ဘဲဥများသန့်ရှင်း လတ်ဆက်မှုရှိ/မရှိနှင့်သန့်ရှင်းသော ရောင်းချခြင်းစနစ်ရှိ/မရှိခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ဖြင့် ပူးပေါင်း၍ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ပါသည်။  

      ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးအတွင်းရှိအသား/ငါးများမှာ မျက်မြင်အခြေအနေအရ သန့်ရှင်းလတ်ဆက်မှုရှိပြီး ယင်လုံဇာများဖြင့် ဖုံးအုပ်ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ဒေသငါးများသာမကအခြားဒေသမှငါးများပါ မှာယူတင်သွင်းရောင်းချနေသည်ကို တွေ့ရှိရကြောင်း၊ ရောင်းချသောဈေးသည်များအနေဖြင့် အလေးချိန်မှန်ကန်စွာရောင်းချရန်လိုအပ်ကြောင်း၊ ဈေးအတွင်းသို့လာရောက်စစ်ဆေးမှသာယင်လုံဇာများဖြင့်ရောင်းချခြင်းမျိုးမပြုလုပ်ဘဲ လာရောက် စစ်ဆေးခြင်းမရှိသည့် ပုံမှန်ရက်များ၌လည်း ယင်ကောင်မလာစေရန် ဖုံးအုပ်ရောင်းချသင့်ပါကြောင်း၊ ငါးများမှာယူတင်သွင်းရာတွင် စနစ်တကျသယ်ယူပို့ဆောင်ရန်လိုအပ်ကြောင်း ၊သန့်ရှင်းလတ်ဆက်မှုမရှိသော အသား၊ငါး၊ဥများနှင့် ကူးစက်ရောဂါရနေသောအသား/ငါးများအား ရောင်းချခြင်းမပြုရန် အသား/ငါး/ကြက်ဥ/ဘဲဥများ ရောင်းချနေသောဆိုင်(၄၂)ဆိုင်အား ဝိုင်းဝန်းအသိပညာပေး စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)