မင်းဘူးမြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများသို့ အခြေခံစားကုန်များထောက်ပံ့ပေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ပေါ်(၄)ရပ်ကွက်ရှိ အခြေခံလူတန်းစား (၁၃၅၀)ဦးအား စားဝတ်နေရေး အထိုက်အလျှောက် ပြေလည်စေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကုလားပဲနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းဖြစ်သည့် Maskများအား(၂၂.၉.၂၀၂၂)နေ့ နံနက်(၉:၀၀)နာရီတွင် ဦးဩဘာသခန်းမ၌ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လူဦးရေ(၅၀၀)ဦး၊ ဒေသအလှူရှင်များမှ လူဦးရေ(၈၅၀)ဦး စုစုပေါင်း(၁၃၅၀)ဦးအား ဆန်(၁)ပြည်၊ ဆီ(၃၀)ကျပ်သား၊ ဆား(၁)ထုပ်၊ ကြက်သွန်နီ(၂၅)ကျပ်သား၊ ကုလားပဲ (၃၀)ကျပ်သား၊ YumYum(၁)ထုပ်၊ Mask(၁၀)ခုတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီး ဝန်ကြီးများ၊ အလှူရှင်များမှ ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သိရှိရပါသည်။

      ထိုသို့  ထောက်ပံ့ပေးအပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင် ဦးစီးမှူး ဦးမြင့်ကြည်(မင်းဘူးမြို့နယ်တာဝန်ခံ)နှင့် ခရိုင်ရုံးမှဝန်ထမ်းများ သွားရောက်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)