ရခိုင်ပြည်နယ် စားသုံးသူရေးရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Powered by Drupal

       (၂/၂၀၂၂)ကြိမ်မြောက် ရခိုင်ပြည်နယ် စားသုံးသူရေးရာကော်မတီအစည်းအဝေးကို စက်တင်ဘာလ(၂၈)ရက်၊ နေ့လယ် (၂:၀၀)နာရီအချိန်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

       အစည်းအဝေးတွင် ရခိုင်ပြည်နယ် စားသုံးသူရေးရာကော်မတီဉက္ကဌ ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်စားသုံးသူရေးရာ ကော်မတီအတွင်းရေးမှူး ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဇော်ထွန်းက (၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအား ဆောင်ရွက် ထားရှိမှုအခြေအနေ၊ ၂၀၂၂ခုနှစ် (ဇူလိုင်မှစက်တင်ဘာလ)ထိ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသား စိစစ်ခြင်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ၂၀၂၂-ခုနှစ် (အောက်တိုဘာလမှဒီဇင်ဘာလ)ထိ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ လျာထားချက်ပြည့်မီအောင် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်စသည်တို့အား အမှာစာများဖြင့် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက အမှာစာများအား အတည်ပြုမှတ်တမ်းတင်၍ လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြပါသည်။ ထို့နောက် ကော်မတီဉက္ကဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို နေ့လည်(၃:၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

     အဆိုပါအစည်းအဝေးသို့ ပြည်နယ်စားသုံးသူရေးရာကော်မတီဉက္ကဌ၊ ဒု-ဉက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်(၆)ဦး၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၇)ဦး၊ စုစုပေါင်း(၁၆)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)