မကွေးမြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးရောင်းဝယ်ဖောက်ကားမှုအခြေအနေ

Powered by Drupal

           မကွေးတိုင်းဒေသကြီး စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပြီး လူအသုံးများသော ဓါတ်မြေ ဩဇာများမှာ အာမို(၁၅း၁၅း၁၅)( 50 kg) တစ်အိတ်လျှင် ယခင်စက်တင်ဘာလ တတိယအပတ်၌ (၁၇၀၀၀၀)ကျပ်ရှိပြီး ယခုစတုတ္ထအပတ်တွင် (၁၆၅၀၀၀)ကျပ်ဖြစ်၍ (၅၀၀၀)ကျပ်စျေးကျ၊ MC(50Kg)တစ်အိတ်လျှင် ယခင်အပတ် (၁၅၀၀၀၀)ကျပ်ရှိပြီး ယခုအပတ် စတုတ္ထပတ်တွင်(၁၄၀၀၀၀) ကျပ် ဖြစ်၍ (၁၀၀၀၀)ကျပ် စျေးကျ၊ တက်တိုး(၁၅း၇း၈)(50 Kg)တစ်အိတ်လျှင် ယခင်အပတ် (၁၀၀၀၀၀) ကျပ်ရှိပြီး ယခုအပတ်တွင် (၉၇၀၀၀)ကျပ်ဖြစ်၍ (၃၀၀၀)ကျပ် စျေးနှုန်းကျခဲ့ပြီး၊  ရွှေပုလဲ(50 Kg)တစ်အိတ်လျှင် ယခင်အပတ်(၇၅၀၀၀)ကျပ်ဖြစ်ပြီး ယခုအပတ်တွင် (၇၆၀၀၀)ကျပ်ဖြစ်၍ (၁၀၀၀)ကျပ် စျေးတက်ခဲ့ပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်းသိရပါသည်။

         လူသုံးများသော ပိုးသတ်ဆေးများမှာလည်း မင်းရဲ(၂၅ EC)တစ်ဗူးလျှင် ယခင် စက်တင်ဘာလ တတိယအပတ်လျှင် (၂၀၀၀၀)ကျပ်ရှိခဲ့ပြီး ယခုစက်တင်ဘာလ စတုတ္ထပတ်တွင် (၂၃၀၀၀)ကျပ်ရှိ၍ (၃၀၀၀)ကျပ် စျေးတက်၊ ဘီတာစီ(၁၀၀ EC) တစ်ဗူးလျှင် ယခင်အပတ် (၂၇၀၀၀)ကျပ်ရှိခဲ့ပြီး ယခုအပတ်တွင် (၂၅၇၀၀)ကျပ်ဖြစ်ခဲ့၍ (၁၃၀၀) ကျပ် စျေးကျခဲ့ပြီး ရွှေတိုးပါဝါ ( 1 Kg) တစ်ထုပ်လျှင် ယခင်အပတ်(၂၂၀၀၀)ကျပ် ယခုအပတ်တွင် (၃၄၅၀၀)ကျပ်ဖြစ်၍ (၁၂၅၀၀)ကျပ် စျေးတက်ခဲ့ပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(မကွေး)