ပြည်သူများသို့ စားသောက်ကုန်ပစ္စည်းများ လှူဒါန်းခြင်းတွင် ပူးပေါင်းဆောင်ရွက်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊  မွန်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းတို့ပူးပေါင်း၍ ၂၈.၉.၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် မုပွန်ဘူတာဟောင်းတို့၌လည်းကောင်း၊ ညနေပိုင်းတွင် မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက်နှင့် အောင်သုခရပ်ကွက်တို့၌လည်းကောင်း ပြည်သူများသို့ စားသောက်ကုန် များလှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

      အဆိုပါ လှူဒါန်းခြင်းတွင် ဆန်၊ ဆီ၊ အချိုမှုန့်၊ ခေါက်ဆွဲခြောက်တို့အား အိမ်ထောင်စု တစ်စုလျှင် (၁၇၃၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၁၀၀၀) စု အတွက် စုစုပေါင်းတန်ဖိုးအားဖြင့် (၁၇၃,၀၀,၀၀၀) ကျပ်ခန့် တန်ဖိုးရှိသော စားသောက်ကုန်ပစ္စည်းများအား လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)