မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၈.၉.၂၀၂၂ ရက်နေ့ (၁၃:၀၀)ချိန်တွင် မုဒုံမြို့နယ် အထက(၃)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောဆွေးနွေးပွဲတွင် မုဒုံမြို့နယ် အထက(၃) ကျောင်းအုပ် ဆရာမကြီး ဒေါ်မို့မို့သိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင် ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူရာတွင် သတင်းအချက်အလက်များကို သေချာစွာ စုံစမ်းရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်အား သေချာစွာဖတ်ရှု၍ ရွေးချယ်ဝယ်ယူကြရန်၊ ကုန်စည်/ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်းကြောင့် စားသုံးသူ ထိခိုက်နစ်နာမှု ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် အကြောင်းအရာများ၊ Consumer Call Center 1535 သို့ ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည် များအား မေးမြန်းဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင် ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါသည်။
အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ (၁၅၈) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)