စားသုံးဆီများကိုသက်သာသောဈေးနှုန်းဖြင့်လှည့်လည်ရောင်းချပေးနေမှုများ

Powered by Drupal

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများသို့ စားသုံးဆီ များကိုဈေးကားများဖြင့်လှည့်လည်ရောင်းချပေးလျက်ရှိရာ ၃၀-၉-၂၀၂၂ ရက်နေ့တွင် Diamond Dragon Co;Ltd မှ ဆီလုပ်ငန်းရှင်ဒေါ်နီလာထွေးဦးဆောင်၍ ရုံးအမှတ် (၇)၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းတွင် ဆီပိဿာချိန် (၂၁၀)ကိုလည်းကောင်း၊ရုံးအမှတ် (၂၄)၊ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် ဆီပိဿာချိန် (၄၀၀)ကိုလည်းကောင်း၊ ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့်ကုန်သွယ်ရေးဦးစီးဌာနတို့တွင် ဆီပိဿာချိန်(၁၀၈၁)ကိုလည်းကောင်း၊ ရုံးအမှတ်(၅၂)ရှိစားသုံးသူရေးရာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနအောက်ရှိဦးစီး ဌာနနှင့် မူပိုင်ခွင့်ဦးစီးဌာနတို့တွင် ဆီပိဿာချိန် (၁၈၈၆)ပိဿာကိုလည်းကောင်း  တစ်ပိဿာလျှင် (၄၉၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး ခဲ့‌ကြောင်းသိရှိရပါတယ်။

      ဆက်လက်၍ ယဥ်ကျေးမှုဦးစီးဌာနတွင် ဆီပိဿာချိန်(၃၆၀)ကိုလည်းကောင်း၊ ရုံးအမှတ် (၁၈)ရှိ တွဲဖက်ဌာနများမှ ဝန်ထမ်းများအား ဆီပိဿာချိန်(၁၄၀)ကိုလည်းကောင်း၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနတွင် ဆီပိဿာချိန်(၃၀၄)ပိဿာကိုလည်းကောင်း တစ်ပိဿာလျှင် (၄၉၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့‌ကြောင်းသတင်း ရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)