မကွေးတိုင်းဒေသကြီး၊ Thursday Talk အသိပညာပေးဟောပြော ဆွေးနွေးပွဲ(၃/၂၀၂၂) ကျင်းပပြုလုပ်ခြင်း

Powered by Drupal

        မကွေးတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး သင်တန်း (၃/၂၀၂၂)အား ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၂၉)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။

     ဆက်လက်၍သင်တန်းတွင် ဟောပြောဆွေးနွေးမည့် သင်တန်းသား/သူများမှ အလှည့်ကျမိတ်ဆက် ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဟောပြောရန် အလှည့်ကျသည့် ဒု-ဦးစီးမှူး ဦးဆယ်မောင်မှ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဒု-ကြီးကြပ်ရေးမှူး ဒေါ်နုနုလွင်မှ အသုံးစရိတ်အကြောင်း တစေ့တစောင်း၊ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းမှ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ကိစ္စရပ်များ၊ ဦးစီးမှူး ဦးအုန်းမြင့်မှ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်းအားလည်းကောင်း Power Point များဖြင့် ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

     ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးမှ ဆွေးနွေး ဟောပြောခဲ့မှုများအပေါ် ပြန်လည်သုံးသပ်၍ လိုအပ်ချက်များအပေါ် လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ ယခုကဲ့သို့ အလေ့အကျင့်များ ပြုလုပ်ပေးခြင်းအားဖြင့် မြေပြင်ကွင်းဆင်း ခြင်းလုပ်ငန်းများ၊ စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အမှားအယွင်းမရှိ ကောင်းမွန်စွာ ဆွေးနွေးဟောပြောခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားကာ ဆွေးနွေးပွဲအား (၁၂:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ သင်တန်းသို့ စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများနှင့် ဌာနခွဲတာဝန်ခံများ၊ အရာထမ်း/ အမှုထမ်းများ စုစုပေါင်း (၄၆)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)