အစေ့ထုတ်ပြောင်းအခြောက်ခံစက်သို့ ကွင်းဆင်းဆောင်ရွက်

Powered by Drupal

        ကယားပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်း (၂) ဦးတို့သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါကလိုးခူကျေးရွာရှိ ဒေါ်သန်းသန်းနု အစေ့ထုတ်ပြောင်း အခြောက်ခံစက်သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါတယ်။

        အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဦးစီးမှူးက တောင်သူထံမှ အစေ့ထုတ် ပြောင်းကုန်ကြမ်း ဝယ်ယူမှုအခြေအနေအားလည်းကောင်း၊  အစေ့ထုတ်ပြောင်းအခြောက်ခံသည့် အားအခြေအနေအားလည်းကောင်း၊ အစေ့ထုတ်ပြောင်းတင်ပို့မှုအခြေအနေကို လည်းကောင်း တွေ့ဆုံမေးမြန်းခဲ့ရာ အစေ့ထုတ်ပြောင်းအခြောက်ခံစက် ပိုင်ရှင်ဒေါ်သန်းသန်းနုက တောင်သူထံမှ အစေ့ထုတ်ပြောင်းအစို တစ်ပိဿာလျှင် (၆၅၀)ကျပ်ဖြင့်ဝယ်ယူလျက်ပါကြောင်း၊ ဝယ်ယူသည့် အစေ့ထုတ်ပြောင်းအစိုကို မိမိအစေ့ထုတ်ပြောင်းအခြောက်ခံစက်တွင် အခြောက်ခံပြီး တစ်ပိဿာ ကို(၉၄၀)ကျပ်တို့ဖြင့် တောင်ကြီးသို့တင်ပို့လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရ ပါတယ်။

DOCA(ကယား)