စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

Powered by Drupal

     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန ရခိုင်ပြည်နယ် သံတွဲခရိုင် အသေးစားစက်မှု လက်မှုဦးစီးဌာနမှ  ဦးဆောင်ကာ သံတွဲမြို့၊ နန်းချောင်းကျေးရွာ၊ မူလမင်းကွန်းဘုန်တော်ကြီး ကျောင်းတွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၃/၂၀၂၂)အား (၃-၁၀-၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ သင်တန်းအခမ်းအနားတွင် သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနမှူး ဦးမျိုးချစ်က သင်တန်းဖွင့်လှစ်ရသည့်အကြောင်းအရာများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြား ခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ခံ ဒေါက်တာရဲမင်းသိန်းက စားသောက်ကုန်များ ဘေးန္တရာယ်ကင်းရှင်းစေရေးအတွက် သန့်ရှင်း သပ်ရပ်သော စားသောက်ကုန်ထုတ်လုပ်ရေးနှင့် ဓါတုဆိုးဆေး၊ ကြာရှည်အထားခံဆေးများ၏ အန္တရာယ်များအကြောင်းအားလည်းကောင်း  ရှင်းလင်းပြောကြားခြင်း၊ သံတွဲခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဌာနမှူး ဒေါ်စုမြတ်မွန်က ယခုဖွင့်လှစ်သင်ကြားပေးမည့်သင်တန်းသည် သီးနှံ အခြေခံ ယို၊ ဖေျာ်ရည်အမျိုးမျိုးနှင့် သီးနှံခြောက် တန်းဖိုးမြှင့် နည်းပညာများအား ပို့ချသင်ကြား ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ ဆက်လက်၍ ရခိုင်ပြည်နယ် ၊စားသုံးသူရေးရာ ဦးစီးဌာန၊သံတွဲ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်(ဦးစီးအရာရှိ)မှ ယခုဖွင့်လှစ်သင်ကြားပေးမည့် တန်းဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းမှ မိမိတတ်ကျွမ်းသည့် ပညာရပ်ဖြင့် ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေပါ ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် မိမိထုတ်လုပ်သည့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေး၊ သက်ဆိုင်ရာအစိုးရဌာနများ၏ ဉပဒေ စံသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအချက်များ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်/ဝန်ဆောင်မှုများကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်အချက်များအား ရှင်းလင်းပြောကြား အသိပညာပေးဆောင်ရွက်ခဲ့ပြီး သင်တန်းကာလမှာ        (၃-၁၀-၂၀၂၂)မှ (၈-၁၀-၂၀၂၂)ရက်နေ့ထိ ပို့ချမည်ဖြစ်ပြီး သင်တန်းသား/သူ(၂၀)ဦး တက်‌ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)